Monday, November 20, 2017

ပုထုဇဉ်ရဟန်း၏ ဂုဏ်ပုဒ် (၂၀)

၁။ သေဋ္ဌ= မြင့်မြတ်ခြင်း။
၂။ ဓမ္မာရာမ =တရားတော်၌ မွေ့လျော်ခြင်း။
၃။ အဂ္ဂ နိယမ= ကောင်းစွာ ထိန်းသိမ်းခြင်း။
၎။ စာရ =အကျင့်မှန်ခြင်း။
၅။ ဝိဟာရ = မြင့်မြတ်စွာ နေခြင်း။
၆။ သံယမ သံဝရ=အာရုံများကို စောင့်ရှောက်ခြင်း။
၇။ ခန္တိ=သည်းခံခြင်း။
၈။ သောရစ္စ=ပြေပြစ်ခြင်း။
၉။ ဧကတ္တစရိယ ဧကတ္တာဘိရတိ=တစ်ပါးတည်း ကျင့်ကြံ မွေ့လျော်ခြင်း။
၁၀။ ပဋိသလ္လာန=တစ်ပါးတည်းနေ တရားထိုင်ခြင်း။
၁၁။ ဟိရီ သြတ္တပ္ပ=မကောင်းမှုမှ ရှက်ကြောက်ခြင်း။
၁၂။ ဝီရိယ=ကြိုးစားခြင်း။
၁၃။ အပ္ပမာဒေါ သိက္ခာပဒါနံ= သိက္ခာပုဒ်တို့၌ မမေ့လျော့ခြင်း။
၁၄။ ဥဒ္ဒေသ=ကျမ်းစာများကို ရွတ်ဖတ်ခြင်း။
၁၅။ ပရိပုစ္ဆာ=မေးမြန်းခြင်း။
၁၆။ သီလာဒိအဘိရတိ=သီလသိက္ခာများ၌ မွေ့လျော်ခြင်း။
၁၇။ နိရာလယတာ= တွယ်တာမှု အာလယ မရှိခြင်း။
၁၈။ သိက္ခာပဒပါရိပူရိတာ=သိက္ခာပုဒ်များကို ဖြည့်ကျင့်ခြင်း။
၁၉။ ကာသာဝဓာရဏ = ဖန်ရည်ဆိုးသင်္ကန်း ဝတ်ထားခြင်း။
၂၀။ ဘဏ္ဍုဘာဝ=ကတုံးရိပ်ထားခြင်း။

(မိလိန္ဒပဥှ ပါဠိ - ၁၆၃)


Posted via Blogaway

စည်းစိမ်​ဥစ္စာ ကြီးပွား​ကြောင်းတရား ၇ ပါး

(၁)ဥဋ္ဌာန-ထကြွလုံ့ဝီရိယရှိခြင်း

(၂)သတိ-သတိရှိခြင်း

(၃)သုစိကမ္မ-စင်​ကြယ်​​သောအမှုရှိခြင်း

(၄)နိသမ္မကာရီ-စူးစမ်းဆင်​ခြင်​၍ပြု​လေ့ရှိခြင်း

(၅)သညတ-ဣ​နြေ္ဒကို​ကောင်းစွာ​စောင့်​စည်းခြင်း

(၆)ဓမ္မဇီဝ-တရားသခြင့်​ အသက်​​မွေးခြင်း

(၇)အပ္ပမာဒ-မ​မေ့​လျော့ခြင်း
ဤ ၇ပါးနှင့်​ပြည့်​စုံ​သော ပုဂ္ဂိုလ်​တို့အား စည်းစိမ်​ဥစ္စာအရာအထူး​ကျေးဇူးသတင်း​ကျော်​​စောခြင်းတို့သည်​ တ​နေ့တခြား တိုးပွားလာမည်​မှာ မလွဲဧကန်​ပင်​ဖြစ်​​ပေ​တော့၏။

                                             ဗုဒ္ဓ


Posted via Blogaway

* သင်္ကေတ *


နှင်းငွေ့ နှင်းစက်

မြေသို့သက်သော်

ဆောင်း ရက်ရောက်ကြောင်း

သိရ၏ ။

ဥသြငှက်ပျို

ချိုတေးဆိုသော်

နွေကိုရောက်ကြောင်း

သိရ၏ ။

မိုးသက်လေနှင်

အုံ့မှိုင်းဆင်သော်

မိုးဝင်လာကြောင်း

သိရ၏ ။

ရွှန်းပကြည်စွာ

လမင်သာသော်

ညခါ ရောက်ကြောင်း

သိရ၏ ။

မှောင်ကြွင်းပြိုပျက်

နေမင်း ထွက်သော်

နံနက်ရောက်ကြောင်း

သိရ၏ ။

ယခုအခါ

သင့်ခန္ဓာလည်း

မျက်လွှာမှုန်မှိုင်း

နားကထိုင်း၍

ပြိုင်းပြိုင်း ရိုရေ

တွန့်လိမ်ကြေပြီ

သင်သည် မည်သို့

သိသနည်း ။

မောင်ချစ်ညို( ပဲခူး )


Posted via Blogaway

အပါယ်​တံခါးပိတ်​​သော ကုသိုလ်​များ (တစ်​နည်း)​သောတာပန်​နှင့်​​တူ​သော ကုသိုလ်​များ


(၁) သရဏဂုံသုံးပါး  ဆောက်တည်ခြင်း၊

(၂) ငါးပါးသီလဆောက်​ တည်ခြင်း၊

(၃)စာရေးတံဆွမ်းလှူခြင်း(ဆယ်ငါးရက်လပြည့် လကွယ်တို့၌ဆွမ်းစသည်လှူခြင်း)

(၄)ဝါဆိုသင်္ကန်းလှူခြင်း

(၅)သောက်ရေအိုးသုံးရေအိုးရေကန်များ လှူဒါန်းခြင်း၊

(၆)ကျောင်းများစသည် ပြုပြင်လှူဒါန်းခြင်း၊

(၇) မပြတ်ဆွမ်းစသည်လှူဒါန်းခြင်း

(လင်္ကာ)

တိသရဏ . ငါးသီလ

မဲချ စာရေးတံ။

ဆယ့်ငါးရက်ဆွမ်း .

ဝါသင်္ကန်း .

လှူဒါန်းသောက်ရေကန်။

ကျောင်းလှူတစ်ဝ .

နိဗဒ္ဓ . ပုညရှိသူမှန်။

သောတာလိုဘဲ .

ဂတိမြဲ . သူလဲပါယ်မပြန်။


Posted via Blogaway

ဥမ္မတ္တက(အရူး) ၈မျိုး


(၁)ကာမုမ္မတ္တက-တဏှာရူး

(၂)​ကောဓုမ္မတ္တက-​အမျက်​(​ဒေါသ)ရူး

(၃)ဒိဋ္ဌုမ္မတ္တက-ဒိဋ္ဌိရူး

(၄)​မောဟုမ္မတ္တက-​မောဟရူး

(၅)ယက္ခုမ္မတ္တ-ဘီလူးဖမ်းစားခံရ​သော အရူး

(၆)ပိတ္တုမ္မတ္တက-ပြိတ္တာဖမ်းစားခံရ​သော အရူး

(၇)သုရုမ္မတ္တက-​​သေ​သောက်​ကြူး​သော အရူး

(၈)ဗျသနုမ္မတ္တက-စည်းစိမ်​ဥစ္စာ ပျက်​စီး​သော​ကြောင့်​ရူး​သော အရူး

ပုထုဇ္ဇ​နော ဥမ္မတ္တ​ကော ဟု ဘုရားရှင်​​ဟော​တော်​မူထား​သော​ကြောင့်​ ပုထုဇဉ်​ မှန်​လျှင်​ ဤအရူး ၈မျိုးမှ မကင်းနိုင်​ရာ။
  အရူးဇာတ်​သိမ်း၍ ​အေးငြိမ်းရာစခန်းသို့ တက်​လမ်းနိုင်​ကြပါေ​စ​သော်​....


Posted via Blogaway

Wednesday, November 15, 2017

သ၀န်​တိုတာ ချစ်​လို့

       
သ၀န်​တိုခြင်း ငြူစူခြင်းတို့သည်
ချစ်​ခြင်း မုန်းခြင်းတည်းဟူ​သော
အ​ကြောင်းတို့​ကြောင့်​ ဖြစ်​​ပေါ်လာရသည်​။

ချစ်​ခြင်း မုန်းခြင်းရှိ​သော်
သ၀န်​တိုခြင်း ငြူစူခြင်း​တွေလည်း ရှိမည်​။

ချစ်​ခြင်းမုန်းခြင်း မရှိ​တော့လျှင်
သ၀န်​တိုခြင်း ငြူစူခြင်း​တွေလည်း
မရှိ​နိုင်​​တော့​။

                မဟာဝဂ္ဂ  သက္ကပဥှာသုတ်


Posted via Blogaway

အမျှ​ဝေတိုင်း ​သေသူ ရ -မရ

အမျှ​ဝေတိုင်း ​သေသူမခံစားရပါ။အ​ကြောင်းမှာ ​သေသည်​နှင့်​တပြိုင်​နက်​ လား​ရောက်​နိုင်​​သော ဂတိ ၅မျိုးရှိသည်​။၎င်းတို့မှာ-
ဒေ၀ဂတိ=နတ်​ဖြစ်​သွားခြင်း
မနုဿဂတိ=လူပြန်​ဖြစ်​သွားခြင်း
နိရယဂတိ=ငရဲ၌ဖြစ်​သွားခြင်း
တိရစ္ဆာနဂတိ=တိရစ္ဆာန်​ဖြစ်​သွားခြင်း
ပေတဂတိ=ပြိတ္တာဖြစ်​သွားခြင်း တို့ဖြစ်​သည်​။
ထို ၅မျိုးအနက်​ ​ပေတဂတိ(ပြိတ္တာအဖြစ်​)သို့ ​ရောက်​သွား​သောသူသာလျှင်​ အမျှ​ဝေမှုကို ရရှိနိုင်​ပါသည်​။
ပြိတ္တာဖြစ်​မှ အမျှ​ဝေမှုကိုရရှိနိုင်​သည်​ဆို​သော်​ငြားလည်း ပြိတ္တာတိုင်း မရနိုင်​​ပေ။ပြိတ္တာသည်​လည်း အကြမ်းအားဖြင့်​ ၄မျိုးရှိ၏။
၁။ပရဒတ္တူပဇီဝိကပြိတ္တာ
   သူတပါးတို့​ပေးအပ်​​သောအစာကိုမှီ၍ အသက်​ရှင်​ရ​သော ပြိတ္တာ
၂။ခုမ္မိပါသိကပြိတ္တာ
    ထမင်းငတ်​ခြင်း ​ရေငတ်​ခြင်းဖြင့်​ မပြတ်​နှိပ်​စက်​ခံ​နေရ​သော ပြိတ္တာ
၃။နိဇ္ဈာမတဏှိကပြိတ္တာ
   အမြဲအကြွင်းမဲ့​လောင်​ကျွမ်းခံ​နေရသဖြင့်​ ပူပင်​ခြင်းရှိ​သော ပြိတ္တာ
၎။က၀လကဉ္စိကပြိတ္တာ
   အသူရကာယ်​ဟုအသီးအခြား​ခေါ်​ဝေါ်အပ်​​သောပြိတ္တာ ဟူ၍  ၄မျိုးရှိ၏။ဤ၌  ပရဒတ္တူပဇီဝိကပြိတ္တာတမျိုးတည်းသာလျှင်​ အမျှ​ဝေမှုကို ရရှိနိုင်​ပါသည်​။

    ပရဒတ္တူပဇီဝိကပြိတ္တာနှင့်​စပ်​လျဉ်း၍ အကျယ်​ကြည့်​လိုပါလျှင်​ ​ပေတ၀တ္ထုအဋ္ဌကထာ၌လာ​သော
တိရောကုဋ္ဋပေတ၀တ္ထု၌ ရှုပါ​လေ။

           မင်းဘူးဆရာ​တော်​ အရှင်​ကဉ္စန
  (ဘာသာ​ရေးပြဿနာ​ အ​ဖြေလွှာများစာအုပ်​)


Posted via Blogaway

မြတ်စွာဘုရားရှင်​ ဧတဒဂ်ဘွဲ့ ရရှိသော ပုဂ္ဂိုလ်(၇၄)ယောက်အမည်နှင့်​ ရရှိသောဘွဲ့ထူးများ

ပရိသတ်(၄)ပါးအလိုက် ရေတွက်ပုံ။ ၁။ရဟန်း {ရဟန္တာ} ယောက်ျား  = ၄၁ ပါး ။ ၂။ ရဟန်း {ရဟန္တာ} မိန်းမ        =  ၁၃ ပါး ။ ၃။ ဥပါသကာ ယောက်ျား   ...