Wednesday, February 20, 2019

မြတ်စွာဘုရားရှင်​ ဧတဒဂ်ဘွဲ့ ရရှိသော ပုဂ္ဂိုလ်(၇၄)ယောက်အမည်နှင့်​ ရရှိသောဘွဲ့ထူးများ


ပရိသတ်(၄)ပါးအလိုက် ရေတွက်ပုံ။

၁။ရဟန်း {ရဟန္တာ} ယောက်ျား 
= ၄၁ ပါး ။
၂။ ရဟန်း {ရဟန္တာ} မိန်းမ       
=  ၁၃ ပါး ။
၃။ ဥပါသကာ ယောက်ျား         
= ၁၀ ယောက်။
၎။ ဥပါသိကာမ {မိန်းမ}           
= ၁၀ ယောက်။
ပေါင်း  ၇၄ ယောက်။

၁။ ဧတဒဂ်ဘွဲ့ရ သော
#ရဟန္တာ၄၁ပါး။

၁။ ညဥ့်တို့ကိုသိ၍ ဝါရင့်သော
တပည့် ရဟန်းတို့တွင်
အကြင် "အညာသိ ကောဏ္ဍည" သည်
ဧတဒဂ် ရ၏။

၂။ ကြီးမြတ်သော
ပညာနှင့် ပြည့်စုံသော
တပည့် ရဟန်းတို့တွင်
အကြင်  "သာရိ ပုတ္တရာ "သည် ဧတဒဂ် ရ၏။

၃။ တန်ခိုးနှင့် ပြည့်စုံသော
တပည့်ရဟန်းတို့တွင်
အကြင်
"မောဂ္ဂလာန်" သည် ဧတဒဂ် ရ၏။

၎။ ဓုတင် ကျင့်ကုန်သော
တပည့် ရဟန်းတို့တွင်
အကြင် "မဟာကဿပ"သည် ဧတဒဂ် ရ၏။

၅။ ဒိဗ္ဗစက္ခု အဘိဉာဏ် ရသော
တပည့် ရဟန်း တို့တွင်
အကြင် "အနုရုဒ္ဓါ"သည် ဧတဒဂ် ရ၏။

၆။ မြတ်သောအမျိုး၌ ဖြစ်ကုန်သော
တပည့် ရဟန်း တို့တွင်
ကာဠီဂေါဓာ အမည် ရှိသော
သာကီဝင် မင်းသမီး၏ သား
အကြင် "ဘဒ္ဒိယ"သည် ဧတဒဂ် ရ၏။

၇။ သာယာသောအသံရှိသော
တပည့် ရဟန်းတို့တွင်
အကြင် "လကုဏ္ဍက ဘဒ္ဒိယ"သည်
ဧတဒဂ် ရ၏။

၈။ ခြင်္သေ့ကဲ့သို့
ရဲရင့်စွာ ကြုံးဝါး မြွက်​ဆိုနိုင်သော
တပည့် ရဟန်းတို့တွင်
အကြင် "ပိဏ္ဍောလဘာရ ဒွါဇ" သည်
ဧတဒဂ် ရ၏။

၉။ တရားဟောတတ်သော
တပည့်တို့တွင် မန္တာဏီ
ပုဏ္ဏေးမ၏ သား
အကြင် "ပုဏ္ဏ"သည် ဧတဒဂ် ရ၏။

၁၀။ အကျဉ်းအားဖြင့်
ဟောအပ်သော တရားကို
အကျယ်အားဖြင့် ဝေဖန်ဟောတတ်သော
တပည့် ရဟန်းတို့တွင်
အကြင် "မဟာကစ္စာန" သည် ဧတဒဂ် ရ၏။

၁၁။ (က)စိတ်ဖြင့် ပြီးသော
ကိုယ်ကို ဖန်ဆင်းတတ်သော
တပည့် ရဟန်းတို့တွင်
အကြင် "စူဠပန္ထ က"သည် ဧတဒဂ် ရ၏။
       (ခ) ဈာန်အရာ၌
ကျွမ်းကျင် လိမ်မာသော
တပည့် ရဟန်းတို့တွင်
အကြင် "စူဠပန္ထ က"သည် ဧတဒဂ် ရ၏။
(ဧတဒဂ် ၂ ခုရ)

၁၂။ အရူပါဝစရဈာန်အရာ၌
ကျွမ်းကျင် လိမ်မာသော
တပည့်ရဟန်းတို့တွင်
အကြင် "မဟာပန္ထ က" သည် ဧတဒဂ် ရ၏။

၁၃။ (က)ကိလေသာ
ကင်းဝေးသော နေခြင်းရှိသော
တပည့်တို့ တွင်
အကြင်​ "သုဘူတိ"သည် ဧတဒဂ် ရ၏။
       (ခ) မြတ်သော
အလှူကို ခံ ထိုက်သော
တပည့် ရဟန်းတို့တွင်
အကြင် "သုဘူတိ"သည် ဧတဒဂ် ရ၏။
(ဧတဒဂ် ၂ခုရ)

၁၄။ တောကျောင်း၌နေသော
တပည့် ရဟန်း တို့တွင်
အကြင် "ခဒိရဝနိယ ရေဝတ"သည်
ဧတဒဂ် ရ၏။

၁၅။ ဈာန်၌ မွေ့လျော်သော
တပည့်ရဟန်းတို့တွင်
အကြင် "ကင်္ခါရေဝတ"သည် ဧတဒဂ် ရ၏။

၁၆။ ထက်သန်သော လုံ့လရှိသော
တပည့်ရဟန်း တို့တွင်
ကောဠိဝိသအနွယ်၌ ဖြစ်သော
အကြင် "သောဏ"သည် ဧတဒဂ် ရ၏။

၁၇။ချိုသာသော စကားကို
ပြောဆို တတ်သော တပည့် ရဟန်းတို့တွင်
ကုဋိကဏ္ဏ ခေါ်သော
အကြင် "သောဏ" သည် ဧတဒဂ် ရ၏။

၁၈။ လာဘ်များခြင်း ရှိကုန်သော
တပည့် ရဟန်း တို့ တွင်
အကြင် "သီဝလိ"သည် ဧတဒဂ် ရ၏။

၁၉။ သဒ္ဓါတရား
အားကြီးသော တပည့် ရဟန်း တို့တွင်
အကြင် "ဝက္ကလိ" သည် ဧတဒဂ် ရ၏။

၂၀။ အကျင့် သိက္ခာကို
လိုလားသော တပည့် ရဟန်း တို့တွင်
အကြင် "ရာဟုလာ"သည် ဧတဒဂ် ရ၏။

၂၁။ သဒ္ဓါတရားဖြင့်
ရဟန်းပြုသော တပည့်​ ရဟန်း တို့တွင်
အကြင် "ရဋ္ဌပါလ" သည် ဧတဒဂ် ရ၏။

၂၂။ စာရေးတံ မဲ ကို
ပထမ ရတတ်သော
တပည့် ရဟန်းတို့တွင်
အကြင် "ကုဏ္ဍဓာန" သည် ဧတဒဂ် ရ၏။

၂၃။ ဆန်းကြယ်သော
ဉာဏ်(ပဋိဘာန်)ရှိသော
ရဟန်းတို့တွင်
အကြင် "ဝင်္ဂီသ"သည် ဧတဒဂ် ရ၏။

၂၄။ ထက်ဝန်းကျင်
ကြည်ညိုဖွယ်ရှိသော
တပည့် ရဟန်းတို့တွင်
ဝင်္ဂန္တပုဏ္ဏား၏ သား
အကြင် "ဥပ သေန" သည်​ ဧတဒဂ် ရ၏။

၂၅။ ကျောင်းအိပ်ရာနေရာ
ခင်းကျင်းစီမံတတ်သော
တပည့်တို့တွင်
မလ္လာမင်း၏ သား
အကြင် "ဒဗ္ဗ" သည် ဧတဒဂ် ရ၏။

၂၆။ နတ်တို့
ချစ်ခင် မြတ်နိုးအပ်ကုန်သော
တပည့် ရဟန်းတို့တွင်
အကြင် " ပိလိန္ဒဝစ္ဆ " သည် ဧတဒဂ် ရ၏။

၂၇။ လျှင်မြန်စွာရသော
မဂ်,ဖိုလ် အသိဉာဏ်ရှိသော
တပည့် ရဟန်းတို့တွင်
ဗာဟိယ တိုင်းသား
အကြင် "ဒါရု စိရိယ" သည် ဧတဒဂ် ရ၏။

၂၈။ ဆန်းကြယ်စွာ
တရားဟောတတ်သော
တပည့် ရဟန်းတို့တွင်
အကြင် "ကုမာရကဿပ" သည် ဧတဒဂ် ရ၏။

၂၉။ ပဋိသမ္ဘိဒါ လေးပါးသို့ ရောက်သော
တပည့် ရဟန်းတို့တွင်
အကြင် "မဟာကောဋ္ဌိက" သည် ဧတဒဂ် ရ၏။

၃၀။ (က) အကြားအမြင် များခြင်း ရှိသော
တပည့် ရဟန်းတို့တွင်
အကြင် "အာနန္ဒာ"သည် ဧတဒဂ် ရ၏။
       (ခ)ငါ၏ စကားတော်ကို
ကြာမြင့်စွာ ဆောင်စွမ်းနို င်သည့်
သတိ ရှိသော တပည့်​ ရဟန်းတို့တွင်
အကြင် "အာနန္ဒာ"သည် ဧတဒဂ် ရ၏။
        (ဂ) ငါဟောအပ်သည့်
အတိုင်း အလုံးစုံသော ပုဒ်တို့ကို
သိစွမ်းနိုင်သည့် ပညာရှိသော
တပည့် ရဟန်းတို့တွင်
အကြင် "အာနန္ဒာ"သည် ဧတဒဂ် ရ၏။
       (ဃ) ငါ၏ စကားတော်တို့ကို
သင် ခြင်း ,ဆောင် ခြင်း, သရဇ္ဈာယ်ခြင်း,
ငါ့ကို ဆည်းကပ်ခြင်းတို့၌
လုံ့လရှိသော တပည့် ရဟန်းတို့တွင်
အကြင် "အာနန္ဒာ"သည် ဧတဒဂ် ရ၏။
        (စ) ငါ့အားလုပ်ကျွေးသော
ငါ၏ တပည့် ရဟန်းတို့တွင်
အကြင် "အာနန္ဒာ"သည် ဧတဒဂ် ရ၏။
(ဧတဒဂ် ၅ ဘွဲ့ ရ)

၃၁။ များစွာသော ပရိသတ်ရှိသော
တပည့်​ ရဟန်း တို့တွင်
အကြင် "ဥရုဝေလကဿပ"သည် ဧတဒဂ် ရ၏။

၃၂။ ဆွေတော်မျိုးတော်တို့ကို
ကြည်ညိုစေတတ်သော
တပည့်​ ရဟန်းတို့တွင်
အကြင် "ကာဠုဒါယီ" သည် ဧတဒဂ် ရ၏။

၃၃။ အနာရောဂါကင်းကုန်သော
တပည့် ရဟန်းတို့ တွင်
အကြင် "ဗာကုလ"သည် ဧတဒဂ် ရ၏။

၃၄။ ရှေး၌နေခဲ့ဘူးသော
ခန္ဓာအစဉ်​ကို အောက်မေ့နိုင်သော
တပည့် ရဟန်း တို့ တွင်
အကြင် "သောဘိတ"သည် ဧတဒဂ် ရ၏။

၃၅။ ဝိနည်းကို ဆောင်ကုန်သော
တပည့်ရဟန်း တို့တွင်
အကြင် "ဥပါလိ"သည် ဧတဒဂ် ရ၏။

၃၆။ ဘိက္ခုနီမတို့ကို
ဆုံးမကုန်သော
ရဟန်းတို့တွင်
အကြင် "နန္ဒက"သည် ဧတဒဂ် ရ၏။

၃၇။ ဣနြေ္ဒကို
စောင့်စည်းကုန်သော
တပည့် ရဟန်း တို့တွင်
အကြင် "နန္ဒ"သည် ဧတဒဂ် ရ၏။

၃၈။ ရဟန်းယောက်ျားတို့ကို
ဆုံးမတတ်သော
တပည့် ရဟန်းတို့တွင်
အကြင် "မဟာကပ္ပိန" သည် ဧတဒဂ် ရ၏။

၃၉။ တေဇောဓာတ်
ဝင်စားရာ၌ ကျွမ်းကျင်သော
တပည့် ရဟန်းတို့တွင်
အကြင် "သာဂတ"သည် ဧတဒဂ် ရ၏။

၄၀။ တရားကို ထင်မြင်လွယ်သော
ဉာဏ်ပဋိဘာန် နှင့် ပြည့်စုံသော
တပည့်​ ရဟန်းတို့တွင်
အကြင် "ရာဓ"သည် ဧတဒဂ် ရ၏။

၄၁။ ခေါင်းပါးသော
သင်္ကန်းကို ဆောင်ကုန်သော
တပည့် ရဟန်းတို့တွင်
အကြင် "မောဃရာဇ" သည် ဧတဒဂ် ရ၏။

---------

၂။ ဧတဒဂ်ဘွဲ့ရသော
#ရဟန်းမိန်းမ၁၃ပါး။

၁။ ညဉ့်​ တို့ကို သိ၍
ရဟန်းဝါရင့်သော
ရဟန်း မိန်းမတို့တွင်
"မဟာပဇာပတိဂေါတမီ"သည်
ဧတဒဂ် ရ၏။

၂။ ကြီးမြတ်သော
ပညာနှင့် ပြည့်စုံသော
ရဟန်း မိန်းမ တို့တွင်
"ခေမာ"သည် ဧတဒဂ် ရ၏။

၃။ တန်ခိုးနှင့်ပြည့်စုံသော
ရဟန်းမိန်းမ တို့တွင်
"ဥပ္ပလဝဏ်" သည်ဧတဒဂ် ရ၏။

၎။ ဝိနည်းကို ဆောင်နိုင်သော
ရဟန်းမိန်းမ တို့တွင်
"ပဋာစာရီ"သည် ဧတဒဂ် ရ၏။

၅။ တရားဟောတတ်သော
ရဟန်းမိန်းမတို့တွင်
"ဓမ္မဒိန္နာ"သည် ဧတဒဂ် ရ၏။

၆။ ဈာန်ဝင်စားခြင်း၌ မွေ့လျော်သော
ရဟန်းမိန်းမ တို့တွင်
အကြင် "နန္ဒာ"ခေါ်
"ဇနပဒကလျာဏီ" သည် ဧတဒဂ် ရ၏။

၇။ ထက်သန်သော လုံ့လရှိသော
ရဟန်းမိန်းမ တို့တွင် အကြင်
"သောဏာ"သည် ဧတဒဂ် ရ၏။

၈။ ဒိဗ္ဗစက္ခု ဉာဏ် ရ သော
ရဟန်းမိန်းမ တို့တွင်
"ဗာကုလာ"သည် ဧတဒဂ် ရ၏။

၉။ လျှင်မြန်စွာ
မဂ်ဖိုလ်အသိဉာဏ်ရသော
ရဟန်း မိန်းမတို့တွင် "ဘဒ္ဒါ"ခေါ်
"ကုဏ္ဍလာကေသီ"သည် ဧတဒဂ် ရ၏။

၁၀။ ရှေး၌ဖြစ်ဖူးသော
ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော
ရဟန်းမိန်းမ တို့တွင်
"ဘဒ္ဒါကာပိနီ"သည် ဧတဒဂ် ရ၏။

၁၁။ မြတ်သောဉာဏ်သို့ရောက်သော
ရဟန်း မိန်းမ တို့တွင် ရာဟုလာ၏
မယ်တော် "ယသောဓရာ"ခေါ်
"ဘဒ္ဒကစ္စနာ" သည် ဧတဒဂ် ရ၏။

၁၂။ ခေါင်းပါးသော
သင်္ကန်းကို ​ဆောင်သော
ရဟန်း မိန်းမ တို့တွင်
"ကိသာဂေါတမီ"သည်
ဧတဒဂ် ရ၏။

၁၃။ သဒ္ဓါတရားအားကြီးသော
ရဟန်းမိန်းမ တို့တွင်
"သိင်္ဂါလကမာတာ"သည်
ဧတဒဂ် ရ၏။

---------

၃။ ဧတဒဂ် ဘွဲ့ရသော
#ဥပါသကာယောက်ျား၁၀။

၁။ ရှေးဦးစွာ သရဏဂုံ
ကိုးကွယ်သော တပည့်တို့တွင်
"တပုဿ  , ဘလ္လိက" သည်
ဧတဒဂ် ရ၏။
(ပူးတွဲ ဧတဒဂ် ရရှိခြင်းဖြစ်သည်)

၂။ လှူဒါန်းခြင်း၌
မွေ့လျော်သော တပည့်တို့တွင်
"သုဒတ္တ (ခေါ်) အနာထပိဏ်"သည်
ဧတဒဂ် ရ၏။

၃။ တရားဟောတတ်သော
တပည့်တို့တွင် မစ္ဆိကာ သဏ္ဍမြို့သား
"စိတ္တသူကြွယ်" သည် ဧတဒဂ် ရ၏။

၎။ ပရိသတ်ကို ချီးမြှောက်
ထောက်ပံ့ကုန်သော တပည့်တို့တွင်
"ဟတ္ထက အာဠဝက"သည် ဧတဒဂ် ရ၏။

၅။ မြတ်သောဝတ္ထုကို
ပေးလှူတတ်သော တပည့်တို့တွင်
သာကီဝင် မင်း
"မဟာနာမ်" သည် ဧတဒဂ် ရ၏။

၆။ နှစ်သက်ဖွယ် ဝတ္ထုကို
လှူတတ်သော တပည့်တို့တွင်
ဝေသာလီပြည်သား
"ဥဂ္ဂသူကြွယ်" သည် ဧတဒဂ် ရ၏။

၇။ သံဃာကို လုပ်ကျွေးတတ်သော
တပည့်တို့တွင် ဟတ္ထိရွာသား
"ဥဂ္ဂတ" သူကြွယ်သည် ဧတဒဂ် ရ၏။

၈။ သာသနာ၌ သက်ဝင်၍
မတုန်မလှုပ် ကြည်ညိုကုန်သော
တပည့်တို့တွင်
"သူရမ္ဗဋ္ဌ" သည် ဧတဒဂ် ရ၏။

၉။ ပုဂ္ဂိုလ်ကို ကြည်ညိုကုန်သော
တပည့်တို့တွင်
အဘယမင်းသား မွေးစားသော
သား "ဇီဝက"သည် ဧတဒဂ် ရ၏။

၁၀။ ငါ နှင့် (ဘုရားရှင်နှင့်)
စကားဆိုသော တပည့်တို့တွင်
"နကုလပိတာသူကြွယ်" သည်
ဧတဒဂ် ရ၏။

-----------

၎။ ဧတဒဂ် ဘွဲ့ရသော
#ဥပါသိကာမိန်းမ၁၀။

၁။ ရှေးဦးစွာ သရဏဂုံ
ဆည်းကပ်သော တပည့်မတို့တွင်
သေနာနိဂုံးရွာ သေနိယ သူဋ္ဌေးသမီး
"သုဇာတာ"သည် ဧတဒဂ် ရ၏။

၂။ လှူဒါန်းခြင်း၌
မွေ့လျော်သော
တပည့်မတို့တွင် မိဂါရမာတာ
"ကျောင်းအမ ဝိသာခါ"သည်
ဧတဒဂ် ရ၏။

၃။ အကြားအမြင်
များကုန်သော တပည့်မတို့တွင်
"ခုဇ္ဇုတ္တရာ"သည် ဧတဒဂ် ရ၏။

၎။ ​မေတ္တာ စိတ်​ နှင့်
နေလေ့ရှိသော တပည့်မတို့တွင်
"သာမာဝတီ"သည် ဧတဒဂ် ရ၏။

၅။ ဈာန်၌
မွေ့လျော်ကုန်သော
တပည့်မတို့တွင်
နန္နသတိုးသား၏ မိခင်
"ဥတ္တရာ"သည် ဧတဒဂ် ရ၏။

၆။ မွန်မြတ်သော ဝတ္ထုကို
ပေးလှူ ကုန်သော
တပည့်မတို့တွင်
ကောလိယ မင်းသမီး
"သုပ္ပါဝါသာ"သည် ဧတဒဂ် ရ၏။

၇။ သူနာကို
လုပ်ကျွေးတတ်သော
တပည့်မတို့တွင်
"သုပ္ပိယ" ဥပါသိကာမသည်
ဧတဒဂ် ရ၏။

၈။ သာသနာ၌ သက်ဝင်၍
မတုန်မလှုပ် ကြည်ညို သော
တပည့်မတို့တွင်
"ကာတိယာနီ" သည် ဧတဒဂ် ရ၏။

၉။ ငါ နှင့် (ဘုရားနှင့်)
အကျွမ်းတဝင် စကားဆိုသော
တပည့်မတို့တွင်
"နကုလမာတာ"သည် ဧတဒဂ် ရ၏။

၁၀။ တဆင့်စကားဖြင့်
ကြည်ညိုသော တပည့်မတို့တွင်
"ကာဠီ ဥပါသိကာ"သည် ဧတဒဂ် ရ၏။

#မှီခိုရာကျမ်းကိုး

ဧတဒဂ် ဝဂ် -
ပ-ဒု-တ-စ-ပဉ္စ
အထွေထွေ
ဗဟုသုတ မာတိကာကျမ်း
ဆိုင်ရာ အခန်းများကို
အကိုးအကားပြု၍
သိချင် သူများလည်း
သိရှိလေ့လာနိုင်အောင်၊
သိပြီးသော သူများလည်း
___________________________
ပြန်​လည်​ အမှတ်​ရနိုင်​​အောင်
___________________________
ဆိုတဲ့ရည် ရွယ်ချက်ဖြင့်
ဖော်ပြခြင်းဖြစ်ပါသည်။

#AShinPandita

မြတ်စွာဘုရားရှင်​ ဧတဒဂ်ဘွဲ့ ရရှိသော ပုဂ္ဂိုလ်(၇၄)ယောက်အမည်နှင့်​ ရရှိသောဘွဲ့ထူးများ

ပရိသတ်(၄)ပါးအလိုက် ရေတွက်ပုံ။ ၁။ရဟန်း {ရဟန္တာ} ယောက်ျား  = ၄၁ ပါး ။ ၂။ ရဟန်း {ရဟန္တာ} မိန်းမ        =  ၁၃ ပါး ။ ၃။ ဥပါသကာ ယောက်ျား   ...