Monday, November 20, 2017

* သင်္ကေတ *


နှင်းငွေ့ နှင်းစက်

မြေသို့သက်သော်

ဆောင်း ရက်ရောက်ကြောင်း

သိရ၏ ။

ဥသြငှက်ပျို

ချိုတေးဆိုသော်

နွေကိုရောက်ကြောင်း

သိရ၏ ။

မိုးသက်လေနှင်

အုံ့မှိုင်းဆင်သော်

မိုးဝင်လာကြောင်း

သိရ၏ ။

ရွှန်းပကြည်စွာ

လမင်သာသော်

ညခါ ရောက်ကြောင်း

သိရ၏ ။

မှောင်ကြွင်းပြိုပျက်

နေမင်း ထွက်သော်

နံနက်ရောက်ကြောင်း

သိရ၏ ။

ယခုအခါ

သင့်ခန္ဓာလည်း

မျက်လွှာမှုန်မှိုင်း

နားကထိုင်း၍

ပြိုင်းပြိုင်း ရိုရေ

တွန့်လိမ်ကြေပြီ

သင်သည် မည်သို့

သိသနည်း ။

မောင်ချစ်ညို( ပဲခူး )


Posted via Blogaway

No comments:

Post a Comment

မြတ်စွာဘုရားရှင်​ ဧတဒဂ်ဘွဲ့ ရရှိသော ပုဂ္ဂိုလ်(၇၄)ယောက်အမည်နှင့်​ ရရှိသောဘွဲ့ထူးများ

ပရိသတ်(၄)ပါးအလိုက် ရေတွက်ပုံ။ ၁။ရဟန်း {ရဟန္တာ} ယောက်ျား  = ၄၁ ပါး ။ ၂။ ရဟန်း {ရဟန္တာ} မိန်းမ        =  ၁၃ ပါး ။ ၃။ ဥပါသကာ ယောက်ျား   ...