အမျှဝေတိုင်း သေသူမခံစားရပါ။အကြောင်းမှာ သေသည်နှင့်တပြိုင်နက် လားရောက်နိုင်သော ဂတိ ၅မျိုးရှိသည်။၎င်းတို့မှာ-
ဒေ၀ဂတိ=နတ်ဖြစ်သွားခြင်း
မနုဿဂတိ=လူပြန်ဖြစ်သွားခြင်း
နိရယဂတိ=ငရဲ၌ဖြစ်သွားခြင်း
တိရစ္ဆာနဂတိ=တိရစ္ဆာန်ဖြစ်သွားခြင်း
ပေတဂတိ=ပြိတ္တာဖြစ်သွားခြင်း တို့ဖြစ်သည်။
ထို ၅မျိုးအနက် ပေတဂတိ(ပြိတ္တာအဖြစ်)သို့ ရောက်သွားသောသူသာလျှင် အမျှဝေမှုကို ရရှိနိုင်ပါသည်။
ပြိတ္တာဖြစ်မှ အမျှဝေမှုကိုရရှိနိုင်သည်ဆိုသော်ငြားလည်း ပြိတ္တာတိုင်း မရနိုင်ပေ။ပြိတ္တာသည်လည်း အကြမ်းအားဖြင့် ၄မျိုးရှိ၏။
၁။ပရဒတ္တူပဇီဝိကပြိတ္တာ
သူတပါးတို့ပေးအပ်သောအစာကိုမှီ၍ အသက်ရှင်ရသော ပြိတ္တာ
၂။ခုမ္မိပါသိကပြိတ္တာ
ထမင်းငတ်ခြင်း ရေငတ်ခြင်းဖြင့် မပြတ်နှိပ်စက်ခံနေရသော ပြိတ္တာ
၃။နိဇ္ဈာမတဏှိကပြိတ္တာ
အမြဲအကြွင်းမဲ့လောင်ကျွမ်းခံနေရသဖြင့် ပူပင်ခြင်းရှိသော ပြိတ္တာ
၎။က၀လကဉ္စိကပြိတ္တာ
အသူရကာယ်ဟုအသီးအခြားခေါ်ဝေါ်အပ်သောပြိတ္တာ ဟူ၍ ၄မျိုးရှိ၏။ဤ၌ ပရဒတ္တူပဇီဝိကပြိတ္တာတမျိုးတည်းသာလျှင် အမျှဝေမှုကို ရရှိနိုင်ပါသည်။
ပရဒတ္တူပဇီဝိကပြိတ္တာနှင့်စပ်လျဉ်း၍ အကျယ်ကြည့်လိုပါလျှင် ပေတ၀တ္ထုအဋ္ဌကထာ၌လာသော
တိရောကုဋ္ဋပေတ၀တ္ထု၌ ရှုပါလေ။
မင်းဘူးဆရာတော် အရှင်ကဉ္စန
(ဘာသာရေးပြဿနာ အဖြေလွှာများစာအုပ်)
Posted via Blogaway